LG Nexus 4 ကို root လုပ်နည်း


 
LG Nexus 4 ဖုန်းကို root လုပ်နည်းကိုတင်ပေးလိုက်ပါတယ်။ ဒီနည်းနဲ့ကိုယ်တိုင်လုပ်ဆောင်ကြည့်တာအဆင်ပြေတာကြောင့် အခုပြောထားတဲ့ step တွေအတိုင်းလုပ်ဆောင်မယ်ဆိုရင် မိမိတို့ရဲ့ LG Nexus 4 ကို root process အဆင်ပြေစွာပြုလုပ်နိုင်မှာပါ။
-အရင်ဆုံး ဖုန်းကို USB Debugging Enabled လုပ်ထားရပါမယ်။ Setting > Developer Option ထဲကိုဝင်ပြီး USB Debugging Setting ကို On ထားပြီး USB Debugging ကိုအမှန်ခြစ်
-root မလုပ်ခင်မှာ အရင်ဆုံး LG ဖုန်း driver ကိုကွန်ပျူတာမှာအရင် install လုပ်ထားရပါမယ်။

LG USB Driver ဒေါင်းရန်>>>>>>

- driver ကိုကွန်ပျူတာမှာ install လုပ်ပြီးပြီဆိုရင်တော့ ဖုန်းကို root ဖို့လိုအပ်တဲ့ tools ကိုရယူပါ။

CF-Root tool   ဒေါင်းရန်>>>>>>

ဖုန်းကို Fastboot mode ထဲဝင်ရပါမယ်။ Fastboot mode ထဲဝင်ဖို့အတွက်ဖုန်းကို Power ပိတ်လိုက်ပါ။ ပြီးရင် Volume Down (-) ခလုတ်နဲ့ Power ခလုတ်နှစ်ခုကိုတစ်ပြိုင်တည်းတွဲနှိပ်ထားပါ။ အောက်ပုံထဲကအတိုင်း Start Message အကြီးနဲ့ ပေါ်လာပြီဆိုရင် ခလုတ်နှစ်ခုနှိပ်ထားတာကို လွှတ်လိုက်ပါ။ ဖုန်းက Fastboot mode ထဲရောက်သွားပါပြီ။



-ကဲ ဒါဆိုရင် ဖုန်းကို usb ကြိုးအသုံးပြုပြီး ကွန်ပျူတာနဲ့ချိတ်ဆက်ပါ။ ချိတ်ပြီးပြီဆိုရင် အပေါ်မှာတုန်းက download ရယူခဲ့တဲ့ CF-Root tool ဇစ်ဖိုင်ကို extract လုပ်လိုက်ပါ။ ပြီးရင်အဲဒီထဲက root-windows.bat ကို run လိုက်ပါ။ အောက်ပုံအတိုင်းပေါ်လာပါမယ်။

ပေါ်လာပြီဆိုရင် Enter ခေါက်လိုက်ပါ။
root process စတင်လုပ်ဆောင်ပါလိမ့်မယ်။ ဖုန်းကပုံမှန်အတိုင်း ပြန်တက်လာပြီဆိုရင်တော့ SuperSU ဆိုတဲ့ app လေးဖုန်းထဲမှာရှိမရှိ ကြည့်လိုက်ပါ။ ရှိနေပြီဆိုရင်တော့ ဖုန်းက root လုပ်ပြီးပါပြီ။ root process အောင်မြင်သွားပြီဖြစ်ပါတယ်။
အားလုံးပဲအဆင်ပြေကြလိမ့်မယ်လို့ထင်ပါတယ်။

Comments

Popular Posts