Samsung Galaxy Note 10.1 (GT-N8000/N8010/GT-N8013) ကို root လုပ်နည်း


Samsung Galaxy Note 10.1 (GT-N8000/N8010/GT-N8013) ကို root လုပ်နည်းကို Myanmar Mobile App က Mobile Users များအတွက်တင်ဆက်ပေးလိုက်ပါတယ်။ ကိုယ်တိုင်လုပ်ဆောင်ကြည့်တာ အဆင်ပြေတာကြောင့် မိမိတို့ရဲ့ Samsung Galaxy Note 10.1 Tablet များကို အလွယ်တကူ root နိုင်ဖို့ သေချာစွာ ရှင်းလင်းတင်ပြပေးထားပါတယ်။ အောက်မှာဆက်လက်ဖတ်ရှုပါ။
အဆင့် (၁)။ ။
- ကွန်ပျူတာမှာ Samsung driver မသွင်းရသေးဘူးဆိုရင် driver ကိုအရင်သွင်းထားပါ။ driver ကိုအောက်က link မှာရယူပါ။


Samsung USB Driver

အဆင့်(၂)။ ။
-Root လုပ်ရာမှာလိုအပ်တဲ့ recovery image & root file ကိုလည်းအောက်က Link မှာရယူထားပါ။

Recovery Fil Download

download လုပ်လို့ရလာတဲ့ zip ဖိုင်ကိုဖြည်လိုက်ရင် CWM-SuperSU v0.94 ဆိုတဲ့ဇစ်ဖိုင်ရယ် ၊ HighOnAndroidRecovery ဆိုတဲ့ file လေးရယ် ၊ Odin 3 v1.85 ဖိုင်လေးရယ် စုစုပေါင်းလေးဖိုင်ရလာပါမယ်။ အဲဒိလေးဖိုင်စလုံးကို folder တစ်ခုတည်းအောက်မှာထားပြီး ခဏထားလိုက်ပါ။
-ပြီးရင် Tablet ကို download mode ထဲဝင်ေ၇ာက်ထားရပါမယ်။ Tablet ကိုပါဝါပိတ်ပြီး Vol down + power နှစ်ခုကိုတွဲနှိပ်ပါ။ Download mode ထဲကိုဝင်သွားပါမယ်။
-Download mode ထဲကိုဆက်လက်၍၀င်ရောက်မှာလားလို့မေးလာရင် Vol + (Vol up) ကိုနှိပ်ပြီး ဆက်လက်ဝင်ရောက်ပါ။

STEP 3 :
- download mode ထဲဝင်ထားပြီးပြီဆိုရင်တော့ Tablet နဲ့ကွန်ပျူတာနဲ့ကို USB ကြိုးအသုံးပြု၍ချိတ်ဆက်လိုက်ပါ။
- အပေါ်မှာတုန်းက download လုပ်ပြီး folder ဆောက်ပြီး သိမ်းခဲ့တဲ့ ဖိုင်လေးဖိုင်ထဲက Odin v1.85 ဆော့ဝဲကို run လိုက်ပါ။
- Odin ဆော့ဝဲပွင့်လာတဲ့အခါ ကြည့်လိုက်ပါ။ အောက်ပုံထဲကအတိုင်း Auto Reboot နဲ့ F.Reset time မှာအမှန်ခြစ်ဖြစ်နေပါစေ။

- Download mode ထဲဝင်ရောက်ထားတဲ့ Tablet ကို Odin ဆော့ဝဲက သိတယ်ဆိရင် COM:… ဆိုတဲ့အကွက်လေးမှာ အစိမ်းရောင်အကွက်လေးနဲ့ဖြစ်နေပါမယ်။ Message ဆိုတဲ့အကွက်မှာ Added လို့ပေါ်နေရပါမယ်။ အဲလိုမပေါ်ဘူးဆိုရင် ကွန်ပျူတာမှာ Samsung Driver မသွင်းရသေးလို့ ဒါမှမဟုတ် Tablet က download mode ထဲမ၀င်ရသေးလို့ပါ။
- Odin ဆော့ဝဲရဲ့ ညာဘက်က PDA ဆိုတဲ့ခလုတ်ကိုနှိပ်ပြီး အပေါ်မှာတုန်းက download လုပ်ပြီး folder ဆောက်ပြီး သိမ်းခဲ့တဲ့ ဖိုင်လေးဖိုင်ထဲက HighOnAndroidCWMRecoveryGTN8000.tar ကိုရွေးပေးလိုက်ပါ။
it should look like this

STEP 4 :
ပြီးရင် Start ခလုတ်ကိုနှိပ်ပါ။


ဒါဆိုရင် Tablet ထဲကို clockword mod recovery image စတင်သွင်းနေပြီဖြစ်ပါတယ်။ Recovery installation ပြီးရင် Tablet က auto reboot ကျသွားပြီး ပုံမှန်အတိုင်း boot ပြန်တက်လာပါမယ်။ အခုဆို Samsung Galaxy Note 10.1 ကို Custom Recovery တော့သွင်းပြီးသွားပါပြီ။
ကဲ Samsung Galaxy Note 10.1 ကို root လုပ်ဖို့အတွက် ဆက်လက်လုပ်ဆောင်ကြရအောင်။
-အပေါ်မှာတုန်းက download လုပ်ပြီး folder ဆောက်ပြီး သိမ်းခဲ့တဲ့ ဖိုင်လေးဖိုင်ထဲက CWM-SuperSU v0.94.zip ဖိုင်လေးကို ဖုန်းရဲ့ internal sdcard ထဲကိုထည့်ပါ။
- ပြီးရင် Tablet ကို Power ပြန်ပိတ်လိုက်ပါ။ ပြီးလျှင် vol up + power ခလုတ်နှစ်ခုစလုံးကိုတစ်ပြိုင်တည်းတွဲနှိပ်ထားပါ။ Samsung Logo ပထမတစ်ကြိမ်ပေါ်လာပါမယ်။ ခလုတ်နှစ်ခုနှိပ်ထားတာကိုမလွှတ်ပါနဲ့ဦး ။ ဒုတိယတစ်ကြိမ် Samsung Logo ထပ်ပေါ်လာတော့မှ ခလုတ်များတွဲနှိပ်ထားတာကို လွှတ်လိုက်ပါ။ ခဏနေရင် Tablet က custom recovery mode ထဲကိုရောက်သွားပါမယ်။
-Revovery mode ထဲကိုရောက်သွားပြီဆိုရင် Select install zip from sdcard —>choose zip from sdcard —> ထဲကိုဝင်ပြီး ခုနတုန်းက internal memory ထဲကိုထည့်ထားတဲ့ CWM-SuperSU v0.94.zip ဖိုင်လေးကိုရွေးပေးလိုက်ပါ။ zip ဖိုင်လေးကို install လုပ်ပြီးပြီဆိုရင်တော့ reboot system now ကိုနှိပ်ပြီး ဖုန်းကို reboot လုပ်ပါ။ Tablet က ပုံမှန်အတိုင်း boot ပြန်တက်လာပါလိမ့်မယ်။ ပြန်တက်လာပြီဆိုရင်တော့ Tablet က root လုပ်ပြီးဖြစ်သွားပါပြီ။ root process အောင်မြင်သွားပါပြီ။

အားလုံးပဲ အဆင်ပြေကြလိမ့်မယ်လို့မျှော်လင့်ပါတယ်။

Comments

Popular Posts